ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

12 March 2013

ရခိုင်စာ သင်ရိုး ညွှန်းတမ်းနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေး



ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်သည် အစိုးရ အဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများနှင့် အတူ မတ် ၉ ရက်နံနက် ၈ နာရီက စစ်တွေမြို့ အဓိဋ္ဌာန် ကျောင်းတိုက် ဆရာတော်အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

2 March 2013

မလက်တို ကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်း


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောကြားခဲ့သည်။   
ဒေသခံများ၏ လယ်ယာမြေ ပြန်လည်ရရှိရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ ၁နာရီက ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ပြီး ယင်းညတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ဦး ဒေသခံ ၁၅ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၈ရက်

1 March 2013

မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး


မြန်မာပြည်မြောက်ပိုင်း မေခမြစ်ဒေသ ဆော့လော် လော့ခေါင်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ  မနေ့ကအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။
အဲဒီတိုက်ပွဲမှာ ဦးစခုံတိန့်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း အစိုးရတပ်တွေဘက်က ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ကေအိုင်အို ဗဟိုဒေသ၊ တပ်မဟာ ၄၊ တပ်မဟာ၃နဲ့ တပ်မဟာ၂ ဒေသတွေမှာ အခုတလော တိုက်ပွဲတွေ

28 February 2013

တံတားဦး NLD ပြိုကွဲ၊ NLD အမတ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပါတီဝင် မဲဆန္ဒရှင်တစ်ထောင်ကျော် တောင်းဆို



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို တာဝန်မှ ရုပ်သိမ်းပေးရန် ပါတီဝင်များ အပါအ၀င် မဲဆန္ဒရှင် ၁၂၀၀ ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ယင်းကိစ္စအား အရေးယူဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပေးရန် ကော်မရှင်က လွှတ်တော်သို့

ဘင်္ဂလီအကြမ်းဖက်သမားတိကို မောင်တောဒုရဲအုပ် အောင်ကျော်ခန့် ငွေစားလို့ လွှတ်ပီး


MG DAWအောင်ဇံဝေ(မောင်တော)။ ။လွန်ခရေ (၁၉။၂။၂၀၁၃) နိန့် ညည့် (၁၁) နာရီအချိန်မှာ ရခိုင်ပြည် မောင်တောဈီးက ကြက်ရောင်းနိန်ရေ ရခိုင်လူမျိုး ဦးမောင်ဖြူနိန်အိမ် ခြံဝါးထရံကို မီးတိုက်နိန်ရေ ဘင်္ဂါလီကုလား (၁၆) နှစ် ကို အာဏာပိုင်တိက ဖမ်းဆီးရခကြောင်းနန့် (၂၁။၂။၂၀၁၃) နိန့်ညဉ့် (၉) နာရီအချိန် (မောင်တော EPC

နိုင်ငံတကာမှ ခရီးသွားများ အတွက် ရိုးရာ ထမနဲပွဲ ကျင်းပ နိုင်ငံခြားသား ဧည့်သည်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲ

နိုင်ငံတကာမှ ခရီးသွားများ အတွက် ရိုးရာ ထမနဲပွဲ ကျင်းပ နိုင်ငံခြားသား ဧည့်သည်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲ  ရန်ကုန် ဖေဖော်ဝါရီ ၂၇  ခရီးသွား ရာသီ အချိန်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကြသည့် နိုင်ငံတကာမှ   ခရီးသွား များသည် ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ အခန်းပြည့် လာရောက် တည်းခို လျက် ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင်များ ထံမှ သိရသည်။  ထိုဧည့်သည်များ အတွက် ဟိုတယ် အသီးသီးမှ ဧည့်ဝတ် ကျေပြွန်စွာ ဝန်ဆောင်မှု ပေးလျက် ရှိသည့်အပြင် မြန်မာတို့၏ တပို့တွဲလ ထမနဲ ထိုးပွဲနှင့် ဧည့်ခံ ကျွေးမွေးခြင်း ကို ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ ဟိုတယ် ဖိုးစိန်၌ ကျင်းပရာ နိုင်ငံခြားသား ဧည့်သည် နှစ်ဦးမှာ မြန်မာ့ရိုးရာ အစားအစာ ထမနဲ ထိုးပုံ ကို လေ့လာ စူးစမ်းသည့် အနေဖြင့် ကိုယ်တိုင်ပါဝင် ဆင်နွှဲနေသည်။  အဆိုပါ ထမနဲ ထိုးပွဲ အပြီးတွင် ဟိုတယ်အတွင်း တည်းခို နေထိုင်လျက် ရှိသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို မြန်မာ့ရိုးရာ ထမနဲဖြင့် ဧည့်ခံ ကျွေးမွေးရာ ပျော် ရွှင် နှစ်ခြိုက်စွာ သုံးဆောင်ကြကြောင်း သိရသည်။  အဆိုပါ ဟိုတယ်၌ ပြုလုပ်ခဲ့သော ထမနဲ ပွဲသည် မြန်မာ့ရိုးရာ အစား အစာကို နိုင်ငံ တကာမှ ခရီးသွားများ လက်တွေ့ စားသုံးနိုင်ရုံ မက မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာ တစ်ခု ကိုပါ ကိုယ်တိုင်ပါဝင် ဆင်နွှဲရသော အကျိုး ကျေးဇူးကို ရရှိခဲ့ကြောင်း သိရသည်။  http://bit.ly/YC4drf

ခရီးသွား ရာသီ အချိန်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကြသည့် နိုင်ငံတကာမှ ခရီးသွား များသည် ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ အခန်းပြည့် လာရောက် တည်းခို လျက် ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင်များ ထံမှ သိရသည်။

26 February 2013

NLD ဗဟို ညီလာခံ အတွက် ရခိုင်မှ ကိုယ်စားလှယ်များ ရွှေးပြီ


၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုညီလာခံ အတွက် ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များကို မြို့နယ် အလိုက် ရွှေးချယ်လိုက်ပြီဟု ရခိုင်ပြည်နယ် အလုပ်အမူဆောင် အဖွဲ့ ဥက္ကဌ- ၁၉၉၀ ခုနှစ် ဂွမြို့နယ်  ရွှေးကောက်ပွဲနိုင် NLD ကိုယ်စားလှယ် ဦးညီပုက ပြောသည်။
NLD ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲ အခမ်းအနား။ (ဓါတ်ပုံ- နိရဉ္စရာ)
NLD ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲ အခမ်းအနား။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ကျွန်တော်တို့က ရခိုင်ပြည်နယ်ထဲက  မြို့နယ် ၁၅ မြို့နယ်ထဲက

25 February 2013

ခမရ ၃၅၃ တပ်ရင်းမှ ရေယာဉ်ခွန်များ အတင်းအဓမ္မ ကောက်ခံနေ






ရခိုင်ပြည် စစ်တွေခရိုင်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတစ်ဖက်ကမ်းရှိ ရွာညာ ကုလားရွာ၌ အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ စစ်ဝန်ထမ်းများသည် မြစ်အတွင်းသွားလာနေသည့် ခရီးသည်ရေယာဉ်များအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အခွန်များကောက်ခံနေကြောင်း သတင်းရရှိသည်။
Checkpoint along the river 2 copy
ကုလားတန်မြစ်အတွင်း ရေတပ်မှ ဖြတ်သန်းသွားလာနေသည့် စက်လှများအား အခွန်ကောက်နေစဉ်
ဖေဖောက်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျွဲနင်းကန်ကျေးရွာမှ ကျောက်တော်မြို့သို့ သွားသော စက်လှေတစ်စီးအား သေနတ်ပစ်၍ အခွန်တောင်းခံခဲ့ကြောင်း ၄င်းစက်လှေပိုင်ရှင် ကိုဌေးကျော်က ပြောသည်။

ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်

အမျိုးသားလွှတ်တော်အမျိုးသားလွှတ်တော်

ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

အခုလို ခန့်အပ်နိုင်ပေမဲ့ အပြန်အလှန် ညှိနှိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ အစိုးရနဲ့ လွှတ်တော်အကြား စာတွေ ပိုပြီးတော့သာ ရွေးချယ် ခဲ့တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂအဖွဲ့ဝင် ငါးနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ



နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် (၉) နာရီတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ ခရီးစတင်ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့်ပေးပို့လာကြသော စာများနှင့်ပတ်သက် ၍



၁။ ပြည်သူများအား မိဘပြည်သူသဖွယ်သဘောထားသော နိုင်ငံတော် သမ္မတကြီး၏ စိတ်ရင်းစေတနာကို အလေးထား၍လည်းကောင်း၊ ပြည်သူများ ၏ အမှန်တစ်ကယ် ထိခိုက်ဆုံးရှုံးနစ်နာမှုများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လည်းကောင်း၊ ပြည်သူ လူထုနှင့် နိုင်ငံတော် သမ္မတကြီးအကြား ပေါင်းကူး ဆက်သွယ်ထိတွေ့နိုင်သည့် Communication Channel တစ်ခု ဖြစ်ပေါ်လာစေရန်လည်းကောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဆိုက်တွင် ပြည်သူ့အသံကဏ္ဍအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း


ကချင်ပြည်နယ် အစိုးရအဖွဲ့က မြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီအနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော် ၀ါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြားထားတယ်လို့ KIO က ပြောပါတယ်။

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား


ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ

24 February 2013

လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


နိုင်ငံတကာ မီဒီယာ ဥပဒေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီကနေ့ လွှတ်တော် အမတ်အတော်များများနဲ့ မဇ္ဈိမ မီဒီယာတို့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
လွှတ်တော်မှာ မီဒီယာဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးလာတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်အောင် ဒီဆွေးနွေးပွဲက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်ထားကြောင်း  မဇ္ဈိမ မီဒီယာ သတင်းဌာနက ဒေါ်သင်းသင်းအောင်က RFA ကို ပြောပါတယ်။

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား


မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍ မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။  "စလောင်တာက ပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့အိမ် ကနေစလောင်တာ။ သူတို့က ရေနံချီးလည်းလုပ်တယ်။ စလောင်တဲ့အိမ်ကတော့ ကုန်ပြီ။ ဘေးက သုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြောကြားသည်။  ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ်အဖွဲ့နှင့် ရပ်ကွက်နေပြည်သူအချို့မှ ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုး များနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။  TMA ဓာတ်ပုံ-ကျော်စံဝင်း The Myanma Age
ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍
မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။

KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်




KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  “လက်ရှိ KIA တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဒေသတိုင်းမှာ အရွယ်ကောင်းတဲ့ ယောင်္ကျားနဲ့ အမျိုးသမီးတွေကို သူတို့က အတင်းခေါ်သွားတာတွေ လုပ်နေတယ်။ ပြီးတော့ လိုင်ဇာမှာ စစ်သင်တန်းပေးတယ်။ အစိုးရတပ်တွေ ကို ငါတို့ ပြန်တိုက်မယ်။ ငါတို့တွေ နောက်(၂)နှစ်လောက် အစိုးရကို ပြန်တိုက်ပြီးရင် ငါတို့ ကချင်ပြည်နယ် ကို ပြန်ယူမယ်” လို့ပြောကြောင်း သင်တန်းသားအဖြစ်စုဆောင်းခံရပြီး လွတ်လာသူတစ်ဦးမှ ပြောပြတယ်။  KIA တပ်ဖွဲ့တွေက အခုလိုစစ်ရေးလေ့ကျင့်ပြီး တန်ပြန်ထိုးစစ်လုပ်နိုင်အောင် ပြင်ဆင်နေတယ် တစ်ဘက်ကလည်း အစိုးရတပ်တွေနဲ့ မြန်မာမုန်းတီးရေးတွေလဲ လုပ်နေတယ်လို့သိရပါတယ်။  “ကျနော်တို့ စစ်သင်တန်းတက်တုန်း နည်းပြတွေကပြောတယ်။ ဗမာလူမျိုးတွေကို မင်းတို့ လုံးဝလက်နက်ချ အရှုံးမပေးနဲ့၊ မိန်းကလေးတွေကလည်း ဗမာယောင်္ကျားကိုလုံးဝမယူနဲ့၊ ငါတို့ကချင်ဆိုတာ လူမျိုးကြီးတွေ” စသည်ဖြင့် လူမျိုးရေးခွဲခြားမှုတွေပြောဆိုပြီး မခံချင်စိတ်တွေဖြစ်အောင် ပြောဆိုလေ့ကျင့်ပေးနေတယ်လို့ သိရ ပါတယ်။ လိုင်ဇာနဲ့ KIA တပ်တွေမှာ ကျန်ခဲ့တဲ့ အဓမ္မစုဆောင်းခံရပြီး စစ်သားလုပ်နေရတဲ့သူတွေထဲမှာ မိဘနေရပ်ကို ပြန်ချင်တဲ့သူတွေနဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့သူ အများကြီးရှိတယ်၊ ထွက်ပြေးရင်လည်း ပြန်ဖမ်းမိပြီး ပစ်သတ်ခံရမှာ ကြောက်လို့ မနေချင်ဘဲ နေနေကြရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

23 February 2013

နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် မူကြမ်းချမှတ်


နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို  ဒီကနေ့ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မူကြမ်းကို ချမှတ်လိုက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခံတွေ ကန့်ကွက်


မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့  ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့  ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့ ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
အဲဒီလို ဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရေး ဦးစီးဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ၁၉၈၁ မီးရယ်၊ အဲ့ရှေ့က ကျွန်တော်တို့ မမှီလိုက်တဲ့ မီးရယ် ၂ ကြိမ်လောင်ဖူးပါတယ်၊ အဲ့တော့

ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက်သူများ အမျိုးမျိုးနှောက်ယှက်ခံရ


ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကုအညီပေးဘို့ လွန်ခဲ့တဲ့ အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမူဘ၀ဖွံဖြိုးတိုးတက်ရေးကွန်ယက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ အဖွဲ့ ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့က နေပြန်လာခဲ့ပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ