ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ဓညဝတီ ခေတ်(၃)ခေတ်မှ ဘုရင်သုံးဆူအား ရုပ်ထုသွန်းလောင်းရန် ရှင်သီဝလိစီစဉ်






The Wai Leeရခိုင်လူမျိုးများ၏ ခေတ်ကြီးသုံးခေတ်ဖြစ်သော ပထမ၊ ဒုတိယ၊ တတိယဓညဝတီခေတ် စသည့်ခေတ်အဆက်ဆက်တွင် ထင်ရှားခဲ့သော ဘုရင်သုံးပါးအား ကျောက်တော်မြို့၌
ရုတ်ထုသွန်းလောင်းရန် ဒေသန္တရလှည့်လည်တရားဟောကြားနေ သော ဆရာတော်အရှင်သီဝလိက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့်ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါ ရုပ်ထုသွန်းလောင်းရန် ဘုရင်သုံးပါးမှာ မာရယုမင်း ပထမဓညဝတီခေတ်၊ ကံရာဇာကြီး ဒုတိယဓညဝတီခေတ်နှင့် မဟာစန္ဒသူရိယမင်း တတိယဓညဝတီခေတ်တို့ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ဘုရင်များကို ရုပ်ထုသွန်းလောင်းတည်ထားရန် ရည်ရွယ်ချက်အား " ရခိုင်တွေဟာ တစ်ချိန်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ ဆင်းရဲပင်ပမ်းပြီး လူတောမတိုးရဲတော့ဘူး၊ ပြီးတော့ မိမိတို့ရဲ့ သမိုင်းတွေကို မေ့ပျောက် လုနီပါးဖြစ်နေကြပြီ။ ဒါကြောင့် အခုရှိနေတဲ့မျိုးဆက်သစ်နဲ့ နောက်နောင်ပေါက်ဖွားလာမယ့် မျိုးဆက်သစ်လေးတွေအနေနဲ့ မိမိတို့ရဲ့သမိုင်းကို မေ့ပျောက်မသွားရအောင် လေ့လာမှတ်သားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ထုသွန်းလောင်းရမှာ ဖြစ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ဘုရင်ရုပ်ထုများအား အမြင့်ပေ ၆ ပေ ၈ လက်မ၊ ရပ်လျှက်အနေအထားဟန်ဖြင့် ကြေးရုပ်ထုသွန်းလုပ်မည်ဖြစ်ပြီး လူအများ အလွယ်တကူဖူးမြင်နိုင်အောင် အမိုးအကာအဖြစ် ဖန်သားဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြားခဲ့သည်။
" ဘုရင်တွေကို ရုပ်ထုသွန်းလောင်းဖို့အတွက် ကြေးပိဿချိန် ၁၀၀ ကျော်ရရှိထားပါတယ်။ ဒီလောက်နဲ့တော့ မလုံလောက် သေးပါဘူး။ ရုပ်ထုတွေ အပြီးအစီး ကျပ်ငွေ သိန်း ၅၀၀ လောက် ကုန်ကျမယ်ထင်ပါတယ်။ အဲဒါကြောင့် ဘုရင်သုံးပါ ကြေးရုပ်ထုဖြစ်လာဖို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ ပူးပေါင်းကြိုးပမ်းနေတာပါ။ ဘုရင်သုံးပါး ကြေးရုပ်ထု သွန်းလောင်းနိုင်ဖို့အတွက် ဒါကာ ဒါကာမတွေအနေနဲ့လည်း မိမိတို့ တတ်အားသလောက် ဝိုင်းဝန်းကူညီကြဖို့ ဦးဇင်းအနေနဲ့ တိုက်တွန်း ဖိတ်ခေါ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
အဆိုပါ ခေတ်သုံးခေတ်မှ ဘုရင်သုံးပါးအားကြေးရုပ်ထု သွန်းလောင်းခြင်းကို ၂၀၁၃ ခုနှစ် မကုန်မီအချိန်အတွင်း စတင်နိုင် ရန် ရည်ရွယ်ထားကြောင်းလည်း ထပ်မံမိန့်ကြားခဲ့သည်။
ထို့အပြင် ကြေးရုပ်ထုသွန်းလောင်းတည်ထားရာတွင် အလှူငွေများထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် (ဖုန်း - (+95) 0949675155) ဆရာတော်အရှင်သီဝလိထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

NARINJARA

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ